မြန်မာဝစ်ရှင်နရီ က
ကြိုဆိုပါ၏။ ဝစ်ရှင်နရီဆိုသည်မှာ အခမဲ့အသုံးပြုနိုင်ပြီး လွတ်လပ်သော အကြောင်းအရာများပါဝင်သည့် ဘာသာစကားစုံ အဘိဓာန်တစ်စောင်ကို ဖန်တီးပြုစုရန်အတွက် ဝိုင်းဝန်းလုပ်ဆောင်နေကြသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခု ဖြစ်သည်။ ဤစီမံကိန်းသည် ကမ္ဘာပေါ်ရှိ ဘာသာစကားအားလုံးမှ စကားလုံးအားလုံးကို မြန်မာဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ဖော်ပြချက်များပေး၍ ပြုစုမှတ်တမ်းတင်ရန် ရည်ရွယ်သည်။
ယခုအခါ ဝစ်ရှင်နရီသည် ရိုးရိုးအဘိဓာန်အဆင့်ထက် များစွာကျော်လွန်၍ ကြီးထွားဖွံ့ဖြိုးလာခဲ့ပြီဖြစ်ရာ၊ ၎င်းတွင် အဓိပ္ပာယ်တူစကားလုံးများ စုစည်းမှု၊
ကာရန်တူလမ်းညွှန်၊ စကားပြောစာအုပ်များ၊ ဘာသာစကားဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များနှင့် ကျယ်ပြန့်လှသော နောက်ဆက်တွဲမှတ်တမ်းများ ပါဝင်နေပြီ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် စကားလုံးတစ်လုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသာမက၊ ယင်းစကားလုံးကို အမှန်တကယ် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်စေရန်အတွက် လုံလောက်သော သတင်းအချက်အလက်များကိုပါ ထည့်သွင်းပေးရန် ရည်မှန်းထားသည်။ သို့ဖြစ်၍ စကားလုံးများ၏ မြစ်ဖျားခံရာ သမိုင်းကြောင်း၊ အသံထွက်များ၊ နမူနာကိုးကားချက်များ၊ အဓိပ္ပာယ်တူစကားလုံးများနှင့် ဆန့်ကျင်ဘက်စကားလုံးများအပြင် ဘာသာပြန်ဆိုချက်များကိုပါ တစ်ပါတည်း ထည့်သွင်းဖော်ပြပေးထားပါသည်။
ဝစ်ရှင်နရီသည်
ဝီကီစနစ်သုံး ဝဘ်ဆိုက်တစ်ခုဖြစ်သောကြောင့် သင်ကိုယ်တိုင်လည်း ဝင်ရောက်တည်းဖြတ်နိုင်ပြီး၊ ပါဝင်သောအကြောင်းအရာ အားလုံးကို
Creative Commons Attribution-ShareAlike 4.0 International License နှင့်
GNU Free Documentation License ဟူသော လိုင်စင်နှစ်မျိုးလုံးအောက်တွင် ပူးတွဲခွင့်ပြုချက်ထုတ်ပေးထားပါသည်။ သင့်အနေဖြင့် စာပေပံ့ပိုးကူညီမှုများ မပြုလုပ်မီ၊ ကျွန်ုပ်တို့၏
အကူအညီပေးရေးစာမျက်နှာအချို့ကို ဖတ်ရှုလေ့လာရန် တိုက်တွန်းလိုပြီး၊ ကျွန်ုပ်တို့သည် အခြားသော ဝီကီများနှင့်မတူဘဲ လုပ်ငန်းစဉ်များကို ကွဲပြားစွာ ဆောင်ရွက်လေ့ရှိကြောင်းကိုလည်း သတိပြုစေလိုပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့တွင် တင်းကျပ်သော
စာမျက်နှာအပြင်အဆင် သတ်မှတ်ချက်များနှင့်
အချက်အလက်ထည့်သွင်းမှုဆိုင်ရာ စံနှုန်းမူဝါဒများ ရှိပါသည်။
စာမျက်နှာအသစ်တစ်ခု မည်သို့စတင်ရမည်၊ ဆောင်းပါးအချက်အလက်များကို
မည်သို့တည်းဖြတ်ရမည်ဟူသည်တို့ကို လေ့လာနိုင်သလို၊
စမ်းသပ်ခန်းတွင်လည်း လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နိုင်ပါသည်။ ထို့အပြင် ဝစ်ရှင်နရီ တိုးတက်ပြောင်းလဲလာစေရန်အတွက် သင်မည်သို့ပါဝင်ကူညီနိုင်သည်ဆိုသည်ကို သိရှိနိုင်ရန် ကျွန်ုပ်တို့၏
လူထုဗဟိုပြုစာမျက်နှာ သို့လည်း သွားရောက်လေ့လာနိုင်ပါသည်။